Three Good Spoons သည် အိမ်အကူ လုပ်သားများအတွက် သင့်တင့်လျောက်ပတ်သော အလုပ်ကို လူသိများအောင် ဆောင်ရွက်ပါသည်

မီးဖိုချောင်တွင် ပိုမိုကျွမ်းကျင်ပြီး နေအိမ်ကျန်းမာရေးနှင့် အာဟာရအကြောင်း ပိုမိုနားလည်ခြင်းဖြင့် အိမ်ဖော်များနှင့် ထမင်းချက်များအတွက် မိမိကိုယ်ကို ယုံကြည်မှု ရရှိစေပါသည်။

ရည်ရွယ်ချက်

အိမ်အကူလုပ်သားများက တန်ဖိုးရှိသော ကျွမ်းကျင်မှု၊ အသိပညာနှင့် သင့်တင့်လျောက်ပတ်သော အလုပ်ရရှိအောင် အခွင့်အလမ်းများ တိုးမြှင့်ပေးရေး။

ဆောင်ပုဒ်

“Stir it in – Share it out”

တန်ဖိုးများ

အလေးထားခြင်း – ကျွန်ုပ်တို့အလုပ်နှင့် အခြားသူများအတွက်
အစွမ်းအစ – အလုပ်အတွက် လိုအပ်သော ကျွမ်းကျင်မှုများ လက်တွေ့ သင်ယူခြင်း
အသိုင်းအဝိုင်း – အတူတကွ သင်ယူခြင်း၊ အခြားသူများကို မျှဝေခြင်း

သင်တန်းက အထောက်အကူပြုပုံ

မီးဖိုချောင်တွင် ပိုမိုကျွမ်းကျင်ပြီး နေအိမ်ကျန်းမာရေးနှင့် အာဟာရအကြောင်း ပိုမိုနားလည်ခြင်းဖြင့် အိမ်ဖော်များနှင့် ထမင်းချက်များအတွက် မိမိကိုယ်ကို ယုံကြည်မှု ရရှိစေပါသည်။ ပျော်စရာကောင်းသော မီးဖိုချောင်များသည် ကျန်းမာသော မိသားစုများအတွက် အားဖြစ်စေပါသည်။ ကျန်းမာသော အစားအသောက်များက ဤကျွမ်းကျင်မှုနှင့် အသိပညာများကို အသိုင်းအဝိုင်းအတွင်း တိုးတက်ရန်၊ သင်ယူရန်၊ ဆောင်ရွက်ရန်နှင့် မျှဝေရန် စွမ်းအင်ကို ပေးအပ်ပါသည်။

Three Good Spoons ၏ ရေရှည် ရည်မှန်းချက်သည် အိမ်အကူများအတွက် အသိအမှတ်ပြုသင်တန်း ဖွင့်လှစ်ရန် ဖြစ်ပါသည်။ ပြည်တွင်း၊ ပြည်ပတွင် အိမ်အကူဝန်ထမ်း (အမျိုးသမီးအိမ်ဖော်) အဖြစ် အလုပ်လုပ်သော မြန်မာအမျိုးသမီးများသည် ခေါင်းပုံဖြတ်ခံရမှုနှင့် ညှဉ်းပမ်းနှိပ်စက်ခံရမှု အန္တရာယ် ဖြစ်နိုင်ခြေ ရှိပါသည်။ ဤအသိအမှတ်ပြုသင်တန်းက အိမ်တွင်းအလုပ်ခန့်ထားမှုကို မြန်မာနိုင်ငံအတွင်း စားဝတ်နေရေး ပိုမိုကောင်းစေမည့် လက်တွေ့နည်းလမ်းတစ်ခုအဖြစ် လူသိများအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ ဤနည်းဖြင့် အမျိုးသမီးများသည် မိမိ၏ မိသားစု၊ အသိုင်းအဝိုင်းနှင့် အဆက်မပြတ်ဘဲ ထပ်ဆင့်ကျွမ်းကျင်မှုများ ရရှိလာနိုင်ပါသည်။

မျှော်မှန်းချက်

အိမ်အကူလုပ်သားများအတွက် သင့်တင့်လျောက်ပတ်သောအလုပ် ရရှိရေး

ရည်မှန်းချက်

အိမ်အကူလုပ်သားများက မျှတသောလုပ်ခနှင့် အခြေအနေများ ရရှိအောင် အရည်အသွေးမြင့်မားသော အလုပ်ကို လုပ်နိုင်စေမည့် ကျွမ်းကျင်မှုနှင့် အသိပညာများ သင်ကြားပေးရန်

ဦးတည်ချက်

အိမ်အကူလုပ်သားများက အဆင့်အတန်း မြင့်မားစွာနှင့် ဂရုတစိုက် တစ်သမတ်တည်း အလုပ်လုပ်နိုင်အောင် လက်တွေ့သင်တန်း ပေးအပ်ရန်

ကျွမ်းကျင် အိမ်အကူလုပ်သားများအတွက် သင့်တင့်လျောက်ပတ်သော အလုပ် ရရှိအောင် ကျင့်ဝတ်နှင့် လျော်ညီသော အလုပ်နေရာချထားမှု မှတဆင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်

ကျွမ်းကျင်မှု သင်တန်းမှ လက်တွေ့ အကျိုးကျေးဇူးများနှင့် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင် စာချုပ်များမှတဆင့် အိမ်အကူ လုပ်သားများအတွက် တရားဥပဒေဆိုင်ရာ အခွင့်အရေးများ တောင်းဆိုရန်

မိသားစု အလုပ်ရှင်များနှင့် အိမ်အကူ လုပ်သာများအတွက် သတင်းအချက်အလက်၊ အရင်းအမြစ်များ မှတဆင့် ပညာရှင် ပီသသော အလုပ်အကိုင် ဆက်ဆံရေးများ တည်ဆောက်ရန်

Three Good Spoons ထံမှ အားသာချက်များ

စတင်လေ့လာသူများ၊ အိမ်ဖော်များ၊ ခရီးသွား မိသားစု ထမင်းချက်များ သို့မဟုတ် နှစ်သက်ဖွယ် ဟင်းချက်နည်းများ မြည်းစမ်းလိုသူများ အတွက် သင်တန်းများနှင့် မြန်မာဘာသာနှင့် အင်္ဂလိပ် ဘာသာတို့ဖြင့် စစ်ဆေးမှုများ

မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ် ဘာသာပြန်ဖြင့် သင်ကြားသော သင်တန်းများ

အစားအသောက် ကိုင်တွယ်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး၊ အာဟာရနှင့် စူပါမားကတ် ဈေးဝယ်ထွက်ခြင်း တို့အတွက် သင်တန်းများ

လေ့ကျင့်ထားသော အိမ်အကူ လုပ်သားများအတွက် အခမဲ့သင်တန်းနှင့် အလုပ်ချိတ်ဆက်ပေးခြင်း

ပုံမှန်သုံးနေကျ ပစ္စည်းကိရိယာများဖြင့် မီးဖိုချောင်ကို ပြင်ဆင်ထားသည့်အတွက် အတန်းထဲတွင် လေ့လာကာ အိမ်တွင် ထပ်မံ လေ့ကျင့်နိုင်ခြင်း

ဟင်းချက်ပစ္စည်းများ၊ ဟင်းချက်နည်း စာရွက်များ၊ အပေါ်ရုံအဝတ်နှင့် စုပေါင်း အစားအသောက်

အိမ်အကူအတွက် အလုပ်အကိုင်နှင့် အလုပ် တာဝန် အချိန်ဇယားအတွက် အထောက်အကူပြု နမူနာများ

စတင်လေ့လာသူများနှင့် ပိုမိုအတွေ့အကြုံရှိသော စားဖိုမှူးများအတွက် သင်တန်းများ

နေခြည်ဖြာသော ရန်ကုန်မြို့ရှိ ပျော်စရာမီးဖိုချောင်

Three Good Spoons ၏ ကောင်းသောအချက်များ

“ Three Good Spoons မှာ သင်တန်းတက်လိုက်ရတာ ကျွန်မခရီးစဉ်ရဲ့ အမှတ်တရလေးပါပဲ။” – ခရီးသွားတစ်ဦး၊ အောက်တိုဘာ ၂၀၁၈

“ သင်တန်းတက်ပြီးတော့ သူက အများကြီး ပိုချက်ပြုတ်တတ်လာတယ်။ အရမ်းလည်း စိတ်အားထက်သန်ပြီး ယုံကြည်မှု ရှိလာပါတယ်။ သူဒီလို ကျွမ်းကျင်မှု အသစ်တွေ ရလာတော့ ကျွန်မတို့လဲ ပျော်တာပေါ့။ သူ့ကို ဆက်လက်ပံ့ပိုးသွားပါမယ်။နောက်ထပ် အတန်း နှစ်ခု ကျန်သေးတဲ့အတွက် ဆက်တက်ဖို့ သူအရမ်း စိတ်လှုပ်ရှားနေပါတယ်။ တော်တော်လဲ အလေးအနက် ထားပါတယ်။” – အလုပ်ရှင်တစ်ဦး၊ ဖေဖော်ဝါရီ ၂၀၁၉

“ အခု ဘယ်လိုချက်ပြုတ်ရမယ်၊ သန့်ရှင်းရမယ်၊ နေထိုင်ရမယ် ဆိုတာ သိလာပါပြီ။ ဒါကြောင့် ကျွမ်းကျင်တဲ့ အိမ်အကူလုပ်သားတစ်ယောက် ဖြစ်လာတာကို ဂုဏ်ယူမိပါတယ်။” – သင်တန်းသားတစ်ဦး၊ စက်တင်ဘာလ ၂၀၁၉

ဆက်သွယ်ရန်

ပံ့ပိုးသူ -